တၚ်ဒတူလိုၚ်ပရေၚ်ဍုၚ်ကွာန် ဗော်ဍုၚ်မန်တၟိ (ဗ္တိုက်သရိုဟ်တၠအဝဵုပၞာန်)







နိဒါန်
ဂကူမန်ပိုဲတအ်ဝွံ သွက်ပရေၚ်တုပ်သၟဟ်ဂကူ ကေုာံ အခေါၚ်ကံကုသဵုဂကူဇကု ဇကုသ္ဂောံဖန်ဖက်ကေတ် မာန်ဂှ် လုပ်ကၠုၚ်ပေဲါဗ္တိုက်မွဲဒမြိပ် စဵုကဵုတ္ၚဲဏအ်ရောၚ်။ အတိုၚ်ကောန်ဂကူမန်တအ် မရန်တၟအ်လဝ် ဒက်ပ္တန်အာ ကၟိန်ဍုၚ်ပံၚ်ကောံဖေတ်ဒရာဒဳမဝ်ကရေဇြဳ မဒုၚ်လဝ်လျိုၚ်ကု ပရေၚ်တုပ်သၟဟ် ကေုာံ အခေါၚ်ကံကုသဵုဇကု ဇကုမဖန်ဖက်ကေတ်ဂှ်တုဲ နနဲပရေၚ်ဍုၚ်ကွာန် သွက်ဂွံသောၚ်ကလးအာမာန် ပ္ဍဲသၞာံ ၁၉၉၅ ဂှ်ဒေံါကၠုၚ်ပန်ပှော် ကုအလဵုအသဳပၞာန် (နဝတ)၊ ပ္ဍဲသၞာံ ၂၀၁၈ လက်ထက် အလဵုအသဳ NLD ဂှ် ထ္ပက်ကၠုၚ်စၟတ်တဲ ဒေါံပန်ပှော်အလုံဍုၚ် (NCA)နွံရ။ ဆဵုဂဗ တက်ကၠုၚ်ကျာ သှ်ကလးပရေၚ်ဍုၚ်ကွာန် မွဲဒမြိပ်နွံကၠုၚ်ကီုလေဝ် သွဟ်ပရေၚ်ဍုၚ်ကွာန် အတိုၚ်မရန်လဝ်ဂှ် မူရဴမွဲလေဝ်ဟွံကလိဂွံရ။
ကြဴနူပၞာန်သီထောံအဝဵု ပ္ဍဲသၞာံ ၂၀၂၁ ဂိတု ဖေဖဝ်ဝါရဳဂှ်တုဲ ဂၠံၚ်တရဴဆဵုဂဗ တက်ကျာသောၚ်ကလးပရေၚ် ဍုၚ်ကွာန်တအ် ကၟာတ်ဆိုအ် ဒေါံဒေၚ်အာရ။ ဗော်ဍုၚ်မန်တၟိ (ဗ္တိုက်သရိုဟ်တၠအဝဵုပၞာန်)ဝွံ ပံၚ်တောဲအာကု ဂကောံဇြဟတ်ဂၠံၚ်တရဴပရေၚ်ဍုၚ်ကွာန်မတုပ်သၟဟ်တအ်တုဲ သ္ဂောံဒက်ပ္တန်အာ ကၟိန်ဍုၚ်ပံၚ်ကောံဖေတ်ဒရာ ဒဳမဝ်ကရေဇြဳ မဍိုက်ပေၚ်ကု အခေါၚ်အရာကံကုသဵုဇကု ဇကုဖန်ဖက်ကေတ် အတိုၚ်မရန်လဝ်ဂှ်မာန် မ္ဒးလလောၚ် တြးဏာ တၚ်ဒတူလိုၚ်ပရေၚ်ဍုၚ်ကွာန်ဝွံရောၚ်။
၁။ တိုၚ်ပ္ကဴပရေၚ်ဍုၚ်ကွာန်
ဒက်ပ္တန်အာဍုၚ်မန် မၞုံအပ္ဍဲကၟိန်ဍုၚ်ပံၚ်ကောံဖေတ်ဒရာဒဳမဝ်ကရေဇြဳ မဒက်ပ္တန်လဝ် နကဵု တွဵုရးဍုၚ်ဂမၠိုၚ် (ယူနေတ်ဖေတ်ဒရာဂမၠိုၚ်) မဍိုက်ပေၚ်ကဵု အခေါၚ်အရာကံကုသဵုဇကု ဇကုဖန်ဖက်ကေတ်မာန် ကေုာံ ပရေၚ်တုပ်သၟဟ် သွက်ကောန်ဂကူဂမၠိုၚ်တအ်ဝွံဂှ်ရောၚ်။
၂။ သ္ဇိုၚ်ၚုဟ်မး မ္ဒးသ္ပအစာံ အရာကၟိန်ဍုၚ်ပံၚ်ကောံ
(က) ပွမဍိုက်ပေၚ်ကဵု အခေါၚ်အရာတုပ်သၟဟ် ကေုာံ အခေါၚ်ကံကုသဵုဂကူညး ညးဖန်ဖက်ကေတ်မာန်။
(ခ) ပွမဍိုက်ပေၚ်ကဵု အခေါၚ်အရာမၞိဟ် ကေုာံ အခေါၚ်အရာဒဳမဝ်ကရေဇြဳ။
(ဂ) ပွမဒုၚ်လဝ်လျိုၚ် စဵုဒၞာလဝ်ကဵု အခေါၚ်အရာ ဂကောံဇြဟတ်မၞိဟ်မအောန်။
(ဃ) ပွမသ္ပသမ္တီ ရှေ်သှေ်ဂတးဂတုန် လ္တူပရေၚ်ဟွံတုပ်သၟဟ် ကေုာံ ပရေၚ်ဒဒှ်ဇဳ။
(ၚ) ပွမဍိုက်ပေၚ်ကဵု အခေါၚ်အရာတုပ်သၟဟ် Gender ညးတြံု/ ညးဗြဴ
(စ) ပွမဟွံမွဲကဵု ပရေၚ်ပါ် ခြာ လ္တူဂကူ၊ ဘာသာ၊ သာသနာ၊ လိက်ပတ်ယေန်သၞာၚ်၊ ညးဟွံထတ်စောန် ကေုာံ ပရေၚ်လစွံစိုတ်လိၚ်။
(ဆ) ပွမနွံကဵု ပရေၚ်ပံၚ်ကောံအာက္ဍိုပ်။
၃။ တၚ်ပ္တဝ်က္ဍိုပ်
(က) သွက်သ္ဂောံဗ္တိုက်သရိုဟ်အာတၠအဝဵုပၞာန် ကေုာံ တၠအဝဵုအိုတ်သီု။
(ခ) သွက်သ္ဂောံ ပလီုအာ သၞောဝ်ဥပဒေသ္ဇိုၚ်ဒက်ပ္တန်ဍုၚ် (၂၀၀၈)
(ဂ) သွက်သ္ဂောံဒက်ပ္တန်အာ ကၟိန်ဍုၚ်ပံၚ်ကောံဇေတ်တ် မဍိုက်ပေၚ်ကဵု အခေါၚ်အရာ ကံကုသဵုဂကူညး ညးဖန်ဖက်ကေတ်မန် မဒုၚ်လဝ်သ္ဇိုၚ်ကု သၞောတ်ဖေတ်ဒရာကဵု သၞောတ်ဒဳမဝ်ကရေဇြဳ။
(ဃ) သွက်သ္ဂောံဒက်ပ္တန်အာ ပရေၚ်ညဳသၟဟ်ဂကူ ကေုာံ ပရေၚ်ဆာန်ကၟိန်ဂကူအိုတ်သီု။
(ၚ) သွက်သ္ဂောံဒက်ပ္တန်အာဍုၚ်မန် ဂကူမန်တအ်မပါလုပ် သီုမဍိုက်ပေၚ်ကဵု အခေါၚ်အရာတုပ်သၟဟ် ကောန်ဂကူတၞဟ်ဂမၠိုၚ် ကေုာံ အခေါၚ်အရာကံကုသဵုဂကူညး ညးဖန်ဖက်ကေတ်မာန်။
၄။ တၚ်ဒတူလိုၚ်ပရေၚ်ဍုၚ်ကွာန်
(က) ပရေၚ်သဳကၠဳပရေၚ်ဍုၚ်ကွာန်အိုတ်သီု မဒုၚ်လဝ်သ္ဇိုၚ်ကု လိက်ကသုက် (NCA)ဂှ် ဟွံဒုၚ်တဲရောၚ်။
(ခ) ကမၠောန် ပွမရုန်ဂစာန် ကလေၚ်ပၠုပ်လမျီုကု သၞောဝ် (၂၀၀၈) အိုတ်သီုတအ်ဂှ် ဒစဵုဒစးအာရောၚ်။
(ဂ) အပ္ဍဲပရေၚ်ဍုၚ်ကွာန် အနာဂတ်ဂတဂှ် ဒပ်ပၞာန် ပါလုပ်ဟွံဂွံရောၚ်။
(ဃ) အရာမပါ်ပရအ် အဝဵုအာဏာပရေၚ်ဍုၚ်ကွာန် အကြာသၟာပရေၚ်ဍုၚ်ကွာန်ညးမၞံုအခေါၚ်တၟေၚ် လဵုမွဲမှ ဟွံဒုၚ်တဲရောၚ်။
(ၚ) ပ္ဍဲအရာမပံၚ်တောဲကၠောန်ၜိုတ်အာကု ဂကောံပၠန်ဂတးဂမၠိုၚ် ပ္ဍဲကာလပၠန်ဂတးဝွံ မ္ဒးဒုၚ်အာသ္ဇိုၚ်ကု တၚ်နွံပၟိက်ဒေသတအ်တုဲ ကၠောန်ၜိုတ်ရေၚ်တၠုၚ်အာ အတိုၚ်သ္ဇိုၚ်ၚုဟ်မးမ္ဒးသ္ပအစာံ အရာကၟိန်ဍုၚ်ပံၚ် ကောံတအ် ဂှ်ရောၚ်။
(စ) ပရေၚ်သှ်ကလးပရေၚ်ဍုၚ်ကွာန် ဂကောံပၠန်ဂတးရပ်လွဟ်ကောန်ဍုၚ်အရၚ်ဂမၠိုၚ် ကေုာံ ဂကောံ ဇြဟတ်ပၠန်ဂတးတမ်ကညၚ် မပၠန်ဂတးဒၟံၚ်နဲကဲစုၚ် မပါလုပ်သီုဖအိုတ်မာန်တအ်ဂှ် ပံၚ်တောဲ ပါလုပ်အာရောၚ်။
(ဆ) ပ္ဍဲလၟေၚ်ကမၠောန် ကုလသမဂ္ဂဂၠးကဝ် ကေုာံ ဍုၚ်အာဇြဳယာန်ဂမၠိုၚ်တအ် မဂၠာဲဒၟံၚ်သွဟ် ပြသၞာပရေၚ် ဍုၚ်ပိုဲဂှ် ပညဳပညပ်ပံၚ်တောဲပါလုပ်အာရောၚ်။
(ဇ) ကရောံဍုၚ်ဇိုၚ်ဝုတ်ဒိုဟ်ဂှ် မံၚ်စံၚ်တန်တဴအာ ဗွဲမၜိုဟ်လလံရောၚ်။
၅။ လၟေၚ်ပရေၚ်ကမၠောန်ဂမၠိုၚ် (ဗီုတိထ္ၜးဂၠံၚ်)
(က) ပံၚ်တောဲအာကု ဂကောံဇြဟတ်ပၠန်ဂတးမန်ဂမၠိုၚ်တအ်တုဲ ပွမဗ္တိုက်သရိုဟ်အာ ကံၚ်ဇြဳပၞာန်ညး မသီလဝ်အဝဵု။
(ခ) ပံၚ်တောဲအာကု ဂကောံပၠန်ဂတးကောန်ဍုၚ်အရၚ်ဂမၠိုၚ် ကေုာံ ဇြဟတ်ပၠန်ဂတးတမ်ကညၚ်ဂမၠိုၚ် တအ်တုဲ ပွမဗ္တိုက်သရိုဟ်အာ ကံၚ်ဇြဳပၞာန်ညးမသီလဝ်အဝဵု။
(ဂ) ဗ္တိုက်သရိုဟ်ကၠေံ ကံၚ်ဇြဳပၞာန်မသီလဝ်အဝဵု ကေုာံ ကမၠောန်ပရေၚ်အုပ်ဓုပ်ဍေံတအ်တုဲ ပွမတံၚ်ဓ္ဇက် ဗၟံက်ရုပ်ရဴလၟေၚ်ကမၠောန်အုပ်ဓုပ်ဍုၚ်မန် ကေုာံ လၟေၚ်ကမၠောန်အုပ်ဓုပ် ကၟိန်ဍုၚ်ပံၚ်ကောံ ပ္ဍဲကာလအကြာ။
(ဃ) ဗ္တိုက်သရိုဟ်ကၠေံ ကံၚ်ဇြဳပၞာန်မသီလဝ်အဝဵုတအ်တုဲ ဂကောံဇြဟတ်ပၠန်ဂတးသီုဖအိုတ်မပါလုပ်တအ် ချူဓ္ဇက်အာ သၞောဝ်ဥပဒေသ္ဇိုၚ်ဒက်ပ္တန်တွဵုရးဍုၚ်ဂမၠိုၚ် ကေုာံ သၞောဝ်ဥပဒေသ္ဇိုၚ်ဒက်ပ္တန်ကၟိန်ဍုၚ်ပံၚ် ကောံ အပ္ဍဲကာလအပြံၚ်အလှာဲတုဲ အတိုၚ်သၞောဝ်ဥပဒေသ္ဇိုၚ်ဒက်ပ္တန် အပ္ဍဲကာလအပြံၚ်အလှာဲတအ် ဂှ်ဟေၚ် ပွမကၠောန်သ္ပအာပေဲါရုဲမာဲ၊ ပွမဒက်ပ္တန်အာ အလဵုအသဳတွဵုရးဍုၚ်ဂမၠိုၚ် ကေုာံ အလဵုအသဳ ကၟိန်ဍုၚ်ပံၚ်ကောံ အပ္ဍဲကာလအပြံၚ်အလှာဲ။
(ၚ) အပ္ဍဲကာလအပြံၚ်အလှာဲဂှ် ဇြဟတ်ပၠန်ဂတးဂမၠိုၚ် မၞံုဍုၚ်မန် မပါလုပ်တအ် ချူဓ္ဇက်သ္ပအာဒတန် သၞောဝ်ဥပဒေသ္ဇိုၚ်ဒက်ပ္တန်ဍုၚ်မန်တုဲ အတိုၚ်သၞောဝ်ဥပဒေသ္ဇိုၚ်ဒက်ပ္တန်ဍုၚ်မန်ဂှ် ပွမဒက်ပ္တန်အာ အလဵုအသဳဍုၚ်မန်။
(စ) အပ္ဍဲကာလအပြံၚ်အလှာဲဂှ် ဇြဟတ်ပၠန်ဂတးအိုတ်သီု မပါလုပ်တအ် ချူဓ္ဇက်သ္ပအာဒတန် သၞောဝ်ဥပဒေသ္ဇိုၚ် ဒက်ပ္တန်ကၟိန်ဍုၚ်ပံၚ်ကောံတုဲ အတိုၚ်သၞောဝ်ဥပဒေသ္ဇိုၚ်ဒက်ပ္တန်ကၟိန်ဍုၚ်ပံၚ်ကောံဂှ် ပွမဒက်ပ္တန်အာ ကၟိန်ဍုၚ်ပံၚ်ကောံဖေတ်ဒရာဒဳမဝ်ကရေဇြဳ။
(ဆ) ကုညးဒးဒုၚ်ကလိလောန်လဝ် နဟွံမွဲကဵုဗဗွဲဓဝ် အပ္ဍဲအခိၚ်ပဋိပက္ခတအ်ဂှ် ပွမဗၟံက်ရုပ်ရဴ ညံၚ်သ္ဂောံ ကလိဂွံ ဗဗွဲဓဝ်မာန်ကီု ပွမဗၟံက်အာရုပ်ရဴ လၟေၚ်ကမၠောန်ပရေၚ်ဗဗွဲဓဝ်ဂမၠိုၚ် အပ္ဍဲကာလအပြံၚ်အလှာဲ။
နိဂီု
ဗော်ဍုၚ်မန်တၟိ (ဗ္တိုက်သရိုဟ်တၠအဝဵုပၞာန်) ဝွံ သွက်ဍုၚ်မန် ကေုာံ ကၟိန်ဍုၚ်ပံၚ်ကောံဇေတ်တ် မဍိုက်ပေၚ်ကဵု အခေါၚ်အရာဒဳမဝ်ကရေဇြဳ၊ အခေါၚ်အရာပရေၚ်တုပ်သၟဟ်ဂကူ၊ အခေါၚ်အရာကံကုသဵုဇကု ဇကုဖန်ဖက်ကေတ် မာန်တအ် သ္ဂောံမံက်ဂတဝ်တိုန်မာန် အတိုၚ်တၚ်ရန်တၟအ်ပရေၚ်ဍုၚ်ကွာန်၊ တၚ်ပ္တဝ်က္ဍိုပ်၊ တၚ်ဒတူလိုၚ်၊ ကေုာံ လၟေၚ်ပရေၚ်ကမၠောန်ဂမၠိုၚ်တအ်ဂှ် ပံၚ်တောဲကု ဂကောံဇြဟတ်ပၠန်ဂတးဂမၠိုၚ်တအ်တုဲ ပညဳပညပ်ကၠောန်ၜိုတ် ဗၟံက်အာရုပ်ရဴရောၚ်။









မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ၏
နိုင်ငံရေးရပ်တည်ချက်
နိဒါန်း
မွန်လူမျိုးတို့သည် မိမိတို့အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းပိုင်ခွင့် အခွင့်အရေးအတွက် တိုက်ပွဲ ဝင်လာသည်မှာ ယနေ့တိုင်ဖြစ်သည်။ မွန်လူမျိုးတို့ မျှော်မှန်းသည့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝအာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေးနည်းလမ်း ဖြင့်ဖြေရှင်းရန် ၁၉၉၅ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့(နဝတ)နှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့ပြီး ၂၀၁၈ ခုနှစ် NLDအစိုးရလက်ထက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် (NCA) ကို ပါဝင်လက်မှတ်ရေးထိုးကာ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သော်လည်း မိမိတို့ မျှော်မှန်းသည့် နိုင်ငံရေးရလဒ်များ မရရှိခဲ့ပါ။
စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုလမ်းကြောင်း ပိတ်ဆို့ သွားခဲ့ပြီး ဖြစ်သည်။ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)သည် မိမိတို့နှင့် နိုင်ငံရေးရပ်တည် ချက်တူညီသော အဖွဲ့အစည်းများအားလုံးနှင့် အတူတကွ လက်တွဲပြီး မိမိတို့မျှော်မှန်းသည့် ကိုယ်ပိုင်ပြဌာန်း ခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်နိုင်ရန်အတွက် ဤနိုင်ငံရေး ရပ်တည် ချက်အား ထုတ်ပြန်လိုက်ပါသည်။
၁။ နိုင်ငံရေးပန်းတိုင်
တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ကို အပြည့်အဝ အာမခံသော ပြည်နယ်များ(ဖက်ဒရယ်ယူနစ်များ)ဖြင့် စုဖွဲ့ထားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အတွင်း မွန်ပြည်ကို တည်ဆောက်မည်။
၂။ ပြည်ထောင်စု၏ အခြေခံ စံတန်ဖိုးများ
(က) တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိခြင်း။
(ခ) အခြေခံလူ့အခွင့်အရေးနှင့် ဒီမိုကရေစီအခွင့်အရေး အပြည့်အဝ ရှိခြင်း။
(ဂ) လူနည်းစုအခွင့်အရေးကို အပြည့်အဝ အာမခံပေးခြင်း။
(ဃ) စုံလင်ကွဲပြားမှုကို အပြန်အလှန်လေးစား အသိအမှတ်ပြုခြင်း။
(င) ဂျန်ဒါတန်းတူမှုရှိခြင်း။
(စ) လူမျိုး၊ ကိုးကွယ်ယုံကြည်မှု၊ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကျား/မ၊ မသန်စွမ်းမှု၊ လိင် စိတ်ခံယူမှုတို့အပေါ် ခွဲခြားဆက်ဆံမှုမရှိခြင်း။
(ဆ) စုပေါင်းခေါင်းဆောင်မှု ရှိခြင်း။
၃။ ဦးတည်ချက်
(က) စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်ဟူသမျှ တိုက်ဖျက်ရန်။
(ခ) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရန်။
(ဂ) ဖက်ဒရယ်နှင့်ဒီမိုကရေစီစနစ်ကို အခြေခံပြီး တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းပိုင် ခွင့် အခွင့်အရေး အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်သွားရန်။
(ဃ) မွန်လူမျိုးများအကြား စည်းလုံးညီညွတ်ရေးနှင့် လူမျိုးပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးကို တည်ဆောက်သွားရန်။
(င) မွန်လူမျိုးအပါအဝင် အခြားလူမျိုးများ၏တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့် အရေး အပြည့်အဝရှိသော မွန်ပြည်ကို တည်ဆောက်သွားရန်။
၄။ နိုင်ငံရေးရပ်တည်ချက်များ
(က) NCA စာချုပ်အပေါ် အခြေခံသည့် နိုင်ငံရေးဆွေးနွေးမှု မှန်သမျှကို လက်မခံပါ။
(ခ) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်ပြန်သွင်းရန် ကြိုးပမ်းမှုမှန်သမျှအား ဆန့်ကျင်သွား မည်။
(ဂ) အနာဂတ်နိုင်ငံရေးတွင် စစ်တပ်ပါဝင်ခွင့် မရှိစေရ။
(ဃ) နိုင်ငံရေးအခွင့်ထူးခံများ အချင်းချင်းအကြား ပြုလုပ်သည့် မည်သည့်နိုင်ငံရေး အာဏာခွဲဝေမှု ကိုမှ လက်မခံပါ။
(င) တော်လှန်ရေးကာလအတွင်း တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်ရာတွင် ဒေသ၏ လိုအပ်ချက်များအရ ဖက်ဒရယ်အခြေခံစံနှုန်းများနှင့်အညီ လုပ်ဆောင်သွားမည်။
(စ) တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် နွေဦးတော်လှန်ရေးတွင် နည်းလမ်းပေါင်းစုံ ဖြင့် ခုခံတော်လှန်နေကြသည့်အစုအဖွဲ့များအားလုံး လက်ခံပါဝင်နိုင်မည့် နိုင်ငံရေးဆွေးနွေး အဖြေရှာမှုများတွင် ပူးပေါင်းပါဝင်မည်။
(ဆ) ကမ္ဘာ့ကုလသမဂ္ဂနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း၏မြန်မာနိုင်ငံပြဿနာအဖြေရှာရေး လုပ်ငန်းစဉ်များ တွင် ညှိနှိုင်းပူးပေါင်းပါဝင်သွားမည်။
(ဇ) အိမ်နီးချင်းနိုင်ငံများနှင့် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်သွားမည်။
၅။ လုပ်ငန်းစဉ်များ (လမ်းပြမြေပုံ)
(က) မွန်တော်လှန်ရေးအင်အားစုများနှင့်လက်တွဲပြီး အာဏာသိမ်းစစ်ကောင်စီအား တိုက်ခိုက် ခြင်း။
(ခ) တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေးအင်အားစု များနှင့် ပူးပေါင်း ပြီး အာဏာသိမ်းစစ်ကောင်စီအား တိုက်ခိုက်ခြင်း။
(ဂ) အာဏာသိမ်းစစ်ကောင်စီနှင့် ၎င်း၏အုပ်ချုပ်ရေးလုပ်ငန်းများ ဖယ်ရှားပြီး မွန်ပြည်ကြားကာ လနှင့် ပြည်ထောင်စု ကြားကာလအုပ်ချုပ်ရေးအစီအမံ ရေးဆွဲအကောင်အထည်ဖော်ခြင်း။
(ဃ) အာဏာသိမ်းစစ်ကောင်စီ ဖယ်ရှားပြီး တော်လှန်ရေးအင်အားစုအားလုံး ပါဝင်သော အသွင် ကူးပြောင်းရေးကာလ ပြည်ထောင်စုနှင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းပြီး ယင်းဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပကာ အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုနှင့်ပြည်နယ်အစိုးရ ဖွဲ့စည်းခြင်း။
(င) အသွင်ကူးပြောင်းကာလတွင် မွန်ပြည်နယ်အတွင်း တော်လှန်ရေးအင်အားစုများ ပါဝင်ကာ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းအတည်ပြုပြီး ယင်းပြည်နယ်ဖွဲ့စည်းပုံ အခြေ ခံဥပဒေအရ ပြည်နယ်အစိုးရဖွဲ့စည်းခြင်း။
(စ) အသွင်ကူးပြောင်းရေးကာလတွင် တော်လှန်ရေးအင်အားစုများ ပါဝင်ကာ ပြည်ထောင်စု ဖွဲ့ စည်းပုံအခြေခံဥပဒေ ရေးဆွဲအတည်ပြုပြီး ယင်းဖွဲ့စည်းပုံအရ ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စု အစိုးရဖွဲ့စည်းခြင်း။
(ဆ) ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှု ရရှိစေရေးနှင့် အသွင်ကူး ပြောင်းရေးကာလ တရားမျှတမှုလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။
နိဂုံး
မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)သည် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အခွင့်အရေး အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနှင့် မွန်ပြည်ပေါ်ထွန်းရေးအတွက် ဤနိုင်ငံရေးရည်မှန်းချက်၊ ဦးတည်ချက်၊ ရပ်တည်ချက်နှင့် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရန် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်သည်။





No comments:

Post a Comment