KNU,WLB နှင့် GSCN တို့က အမျိုးသားအတိုင်ပင်ခံ ကောင်စီ NUCC ပူးပေါင်းပါဝင်ဖို့ ရပ်ဆိုင်း
သျှမ်းသံတော်ဆင့်၊ အောက်တိုဘာ ၇
ကရင်အမျိုးသားအစည်းအရုံး KNU၊ အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB နှင့် လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ GSCN တို့က အောက်တိုဘာ (၄) ရက်နေ့တွင် အမျိုးသားအတိုင်ပင်ခံ ကောင်စီ NUCC တို့နှင့် ပူပေါင်းပါဝင်လုပ်ဆောင်ဖို့ကို ရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။
KNU,WLB နှင့် GSCN တို့က ရပ်ဆိုင်းလိုက်သည့် အပေါ် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH နှင့် အမျိုးသားညီညွတ်ရေး အစိုးရ NUG တို့က အောက်တိုဘာ (၅) ရက်နေ့တွင် ပြန်လှည်ဆွေးနွေးရန်အတွက် အကြောင်းပြန်ခဲ့သည်။
ထိုသို့ အကြောင်းကြားလာသည့် အပေါ်တွင် KNU,WLB နှင့် GSCN တို့က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ NUG တို့နှင့် အတူ တွေ့ဆုံးသွားမည်ဖြစ်ကြောင်း အောက်တိုဘာ (၅) ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ထိုထုတ်ပြန်ချက်တွင် CRPH နှင့် NUG တို့၏ ပုံမှန်အစည်းဝေးတက်သည့် ကိုယ်စားလှယ်များသာမကပဲ သက်ဆိုင်ရာတာဝန်ရှိခေါင်းဆောင်များ မပျက်မကွက် တက်ရောက်ရန်နှင့် အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC အဖွဲ့ဝင်များရှေ့မှောက်တွင် ကျင်းပရန်အတွက် ကြောညာထုတ်ပြန်ခဲ့သည်။
#shanburmese
#shannews
#သျှမ်းသံတော်ဆင့်
No comments:
Post a Comment