ရန်တၟအ်ကဵု သ္ဂောံသောင်ကလး အကာဲအရာပရေင်ဍုင်ကွာန်၊ ပရေင်ပၞာန်ကီု သ္ဂောံကလင်ရမျှာင်၊ ကေတ်ကသပ် နူညးဍုင်ကွာန်တအ်မာန်ကီုရန်တုဲ ပ္ဍဲစၟတ်တ္ၚဲ (၁၉/၀၆/၂၄)ဂှ် နူကဵုညးတာလျိုင် ဂကောံအာက္ဍိုပ်ပရေင်ဍုင်ကွာန်ပရေင်ပၞာန် ဗော်ဍုင်မန်တၟိ(ဗ္တိုက်သရိုဟ်တၠအဝဵုပၞာန်)တအ် ကၠောန်သ္ပဏာ ပေါဲဆဵုဂဗကု ဂကောံနာနာ ပ္ဍဲတိဍာ်ဗၠးၜး မွဲဒၞာဲရ။
ပ္ဍဲပေါဲဆဵုဂဗဂှ် ညးစၞးနူဂကောံနာနာတအ် ဗၞတ် (၁၈၀)တၠပြင်တိုန်စိုပ်တုဲ နူလ္ပါ်ဗော်ဍုင်မန်တၟိ(AD)ဂှ် ဂကောံအာက္ဍိုပ် ပရေင်ဍုင်ကွာန်ပရေင်ပၞာန်ဂမၠိုင် ကေုာံ ညးတာလျိုင်ဒေသဂမၠိုင်တအ် တိုန်စိုပ်အိုတ်ရ။ ပ္ဍဲပေါဲဆဵုဂဗဝွံ ဒုညးက္ဍိုပ် (၁) နာဲဗညာလဴ ဟီုသောင်ကလးဏာ အကာဲအရာပရေင်ဍုင်ကွာန် ကေုာံ အကာဲအရာဗော်ဍုင်မန်တၟိ(AD)တုဲ ဒုသ္ကိုပ်ပၞာန် စၠန်ထဝ်ဂှ် ဟီုသောင်ကလးဏာအကာဲအရာပရေင်ပၞာန်ရ။ မွဲအဆက်ဓဝ် ညးတိုန်စိုပ်ဂမၠိုင်တအ် သၟာန်ကလး သွာင်ကမၠောန်ဗော်နာနာကီု သီုကဵုဏာကသပ်နာနာ ကုဗော်နွံရ။
လူမှုအသင်းအဖွဲ့များနှင့် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) တွေ့ဆုံပွဲကျင်းပ
=========================
နိုင်ငံရေး၊ စစ်ရေး အခြေအနေများ ရှင်းလင်းတင်ပြရန်နှင့် ပြည်သူများ၏ အသံနှင့် အကြံပြုချက်များ ရယူနိုင်ရန်ရည်ရွယ်ပြီး မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)၏ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့မှ လူမှုအသင်းအဖွဲ့များ နှင့် (၁၉/၀၆/၂၄)ရက်နေ့တွင် တွေ့ဆုံပွဲတစ်ရပ်ကို လွတ်မြောက်နယ်မြေ တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲသို့ လူမှုအသင်းအဖွဲ့အသီးသီးမှ ကိုယ်စားလှယ် ၁၈၀ ဦးကျော် တက်ရောက်ခဲ့ပြီး မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)၏ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့နှင့် ဒေသတာဝန်ခံများ တက်ရောက်ခဲ့ကြသည်။ ဒုခေါင်းဆောင်(၁) နိုင်ဗညားလယ်မှ နိုင်ငံရေး နှင့် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)၏ လှုပ်ရှားဆောင်ရွက်မှုများအကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး ဒုစစ်ဦးစီးချုပ် စလွန်းထောမှ စစ်ရေးဆိုင်ရာကိစ္စရပ်များအား တင်ပြခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသူများမှ မေးခွန်းများမေးမြန်းခြင်းနှင့် အကြံပြုချက်များတင်ပြဆွေးနွေးခဲ့ကြသည်။

No comments:
Post a Comment