မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ၊ ကာကွယ်ရေးဌာန (Department of Defense) ဌာနမှူး နိုင်ဒင်းပလဟံသာမှ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ရဲဘော်များနှင့် ရှေ့တန်းတနေရာတွင် တွေ့ဆုံ

၁၉.၂.၂၀၂၄ 



မွန်ပြည်ဖက်ဒရယ်ကောင်စီ​ (MSFC) ကာကွယ်ရေးဌာန ဌာနမှူး နိုင်ဒင်းပလဟံသာမှ ရှေ့တန်းရောက်နေသည့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ရဲဘော်များ၊  MSRF ​၏ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များနှင့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့၌ တွေ့ဆုံခဲ့သည်။


နိုင်ဒင်းပလဟံသာမှ တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်များ၊ ရှေ့တန်းရောက်ရဲဘော်များနှင့်တွေ့ဆုံကာ စစ်ဆင်ရေးဆိုင်ရာ လိုအပ်ချက်များ၊ အားပေးစကားများနှင့် အကြံပြုချက်များ အပြန်အလှန် ဆွေးနွေးခဲ့သည်။ 


မွန်ပြည်တော်လှန်ရေးတပ် (MSRF) သည် မွန်ပြည်ဖက်ဒရယ်ကောင်စီ​ (MSFC) ​၏ နိုင်ငံရေးဦးဆောင်မှုအား ခံယူထားသည့် မွန်လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သည်။



မွန်ပြည်တော်လှန်ရေးတပ် (MSRF) သည် အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသည့် လက်နက်ကိုင် မွန်တော်လှန်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သည်။ 


မွန်ပြည်တော်လှန်ရေးတပ် (MSRF)


#ဒပ်ပၠန်ဂတးဍုင်မန်

#mon_state_revolutionary

#mon_revolution

#welcomefrommsrf


#mon_state_revolutionary

No comments:

Post a Comment