🚩💢 မွန်ပြည် ကာကွယ်ရေးတပ် (MSDF) ၏ တပ်ဖွဲ့ဝင်များအဖြစ် ပူးပေါင်း တိုက်ပွဲဝင်ရန် သဘောတူကြောင်း ထုတ်ပြန်ချက်
ရက်စွဲ ။ ။ ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၁) ရက်။
စာအမှတ် ။ ။ MSDF/003/2023
မွန်ပြည်သူလူထုနှင့် ဒေသခံများ၏ အသက် အိုးအိမ်စည်းစိမ်နှင့် လုံခြုံရေးကို ကာကွယ်ရန်၊ အကြမ်းဖက် စစ်ကောင်စီ အပါအဝင် အာဏာရှင် စနစ်မျိုးစုံကို တိုက်ဖျက် ခြေမှုန်းပြီး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် အပြည့် အဝရှိသော ဖက်ဒရယ် စနစ်ကို တည်ထောင်ရန်၊ ဖက်ဒရယ် ပြည်နယ်များ တစ်ဝှမ်းလုံးမှ လူမျိုးစုံတို့က နိုင်ငံရေး နည်းလမ်း၊ လူထု လှုပ်ရှားမှု နည်းလမ်း မျိုးစုံဖြင့် ကြိုးပမ်း တိုက်ပွဲဝင်လျှက် ရှိပါသည်၊၊
ထိုကြောင့် မွန်ပြည် ကာကွယ်ရေးတပ် (MSDF) သည် မွန်ပြည်သူလူထုနှင့် ဒေသခံများအား ကာကွယ်နိုင်သည့် တပ်တော် တစ်ခုအဖြင့် ရပ်တည်ပြီး အကြမ်းဖက် စစ်အာဏာရှင်အား တိုက်ပွဲဝင်နိုင်ရန် ယုံကြည်ချက်နှင့် မူဝါဒလမ်းစဥ် တူညီ ကြသော တပ်ဖွဲ့များ၊ နိုင်ငံရေး အဖွဲ့စည်းများ၊ အရပ်ဖက် လူမှုအဖွဲ့စည်းများနှင့် လက်တွဲကာ ကျစ်လစ် ခိုင်မာသည့် တပ်ပေါင်းစု အသွင်ဖြင့် ပူးပေါင်း တိုက်ပွဲဝင်နိုင်ရန် နိုင်ငံရေး၊ စစ်ရေး မူဝါဒများ ချမှတ်ခဲ့ပါသည်။
မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ၏ နိုင်ငံရေး စစ်ရေး မူဝါဒများနှင့်အညီ အောက်ဖေါ်ပြပါ မွန် လက်နက်ကိုင် တပ်ဖွဲ့များသည် ဤ ထုတ်ပြန်သည့် နေ့မှ စ၍ မွန်ပြည် ကာကွယ်ရေးတပ် (MSDF) ၏ ဖွဲ့ဝင် တပ်အဖြစ် ပူးပေါင်း တိုက်ပွဲဝင်သွားရန် သဘောတူကြောင်း ထုတ်ပြန် အပ်ပါသည်၊၊
- ပူးပေါင်း ပါဝင် တိုက်ပွဲဝင်ကြရန် သဘောတူသည့် တပ်ဖွဲ့များ
( ၁ ) ရာမညတပ် (တာဝန်ခံ) နိုင်ချမ်း
( ၂ ) တနင်္သာရီ ဒေသတပ် (တာဝန်ခံ) နိုင်တမော့ချမ်း၊ နိုင်မွန်သိန်း နှင့် နိုင်နိုင်
မွန်ပြည်သူလူထုနှင့် ဒေသခံ တစ်ရပ်လုံးအနေဖြင့် အာဏာရှင် စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးအတွက် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်း အပ်ပါသည်၊၊
မွန်ပြည် ကာကွယ်ရေးတပ် (MSDF)
နိုင်ငံရေး၊ စစ်ရေး ဦးဆောင် ကော်မတီ
ဆက်သွယ်ရန် -
Telegram - @MSDF601
#ဒပ်စဵုဒၞာဍုၚ်မန်
#မွန်ပြည်ကာကွယ်ရေးတပ်
#MonStateDefenseForce
#MSDF